စည်းကမ်းသတ်မှတ်ချက်များကို လက်ခံခြင်း

ဤ Website ကဏ္ ကို Chubb Life Insurance Myanmar Limited နှင့်/ (သို့မဟုတ်) ၎င်း၏ အသင်းအဖွဲ့တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော အသင်းအဖွဲ့များ ("ပိုင်ရှင်များ" "ကျွန်ုပ်တို့"  သို့မဟုတ် "ကျွန်ုပ်တို့၏") ဖြစ်သည့်  အာမခံနှင့် တစ်ဆင့်အာမခံကုမ္ပဏီ များဖြစ်သော Chubbအုပ်စု (အားလုံးစုပေါင်း၍ "Chubb အဖွဲ့အစည်း")   ကပိုင်ဆိုင်ပြီး ထိန်းသိမ်းထားရှိသည်။

ဤ Website ကဏ္ သည် ကွန်ပျူတာအသုံးပြုသူများ(users) အား online ပေါ်ရှိ စုဆောင်းထားရှိသော သတင်း အချက်အလက်များနှင့် အကြောင်းအရာများကို ရယူသုံးစွဲခွင့် ပေးသည်။ ဤအကြောင်းအရာများတွင် Chubb အုပ်စု အတွင်း ၌ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အာမခံ၊ အာမခံနှင့်ဆက်စပ်သော ဝန်ဆောင်မှုပေးသူများက ကမ်းလှမ်း ပေးအပ်သော ဝန်ဆောင်မှုအမျိုးအစား (products) နှင့် ဝန်ဆောင်မှုများ(services) ("ဝန်ဆောင်မှုအမျိုးအစားနှင့် ဝန်ဆောင်မှုများ") နှင့် သက်ဆိုင်သည့် အာမခံလျှောက် ထားမှုများနှင့် အာမခံပေါ်လစီပုံစံစာရွက်များနှင့် အခြား သတင်းအချက်အလက်များ ပါဝင်နိုင်သည်။ ဤ Website  ကဏ္ဏ တွင် စာသားများ၊ ရုပ်ပုံများ၊ ဂရဖစ်ပုံများ၊ လိုဂိုအမှတ် အသားများ (Logos)၊ အမိန့်ပေးခလုတ် အမျိုးအမည်များ (Button items)၊ ပုံရိပ်များ (images)၊ ဖန်တီးသူ၏ လက်ရာများ (works of authorship) နှင့် အခြားသတင်း အချက်အလက်များ (အားလုံးစုပေါင်း၍ "ပါရှိသည့် အရာများ") (content) လည်းပါရှိနိုင်ပြီး ဤ Website  ကဏ္ မှတစ်ဆင့် ကမ်းလှမ်းပေးအပ်သည့် အသုံးပြုနိုင်မှု (functionality) အား ရှာဖွေညွှန်ပြပေးခြင်း(navigating)နှင့် အသုံးချခြင်း (utilizing) တို့နှင့်စပ်လျဉ်း၍ အသုံးပြု သည့် ကုမ္ပဏီတစ်ခုတည်းကထုတ်လုပ်ပိုင်ဆိုင်သော software (software ပိုင်ဆိုင်ခွင့်) ("Software") အား ရယူသုံးစွဲခွင့်ပေးနိုင်သည်။

မှတ်ချက်။ ဤ Website ကဏ္ အား သင်၏ ဝင်ရောက်သုံးစွဲမှုနှင့် အသုံးပြုမှုသည် အောက်တွင်ဖော်ပြထားသည့် အောက်ပါအသုံးပြုမှုဆိုင်ရာ စည်ကမ်း သတ်မှတ်ချက်များနှင့်တကွ သက်ဆိုင်သောဥပဒေများနှင့် စည်းမျဉ်းများ အားလုံးကို လိုက်နာရမည်ဖြစ်သည်။ ကျေးဇူးပြု၍ ဤစည်းကမ်း သတ်မှတ်ချက်များကို သေချာစွာဖတ်ရှုပါ။ အကယ်၍သင်သည် ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တစ်ခုခုဖြင့် ဥပဒေအရ ချည်နှောင်ခြင်းခံရန် လက်မခံ၊ သဘောမတူပါက ဤ Website ကဏ္ဏ  အား ဝင်ရောက်သုံးစွဲခြင်း (သို့မဟုတ်) အသုံးပြုခြင်း မပြုပါနှင့်။ 


ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို ပိုင်ရှင်များက ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိဘဲ အခါအားလျော်စွာ ပြောင်းလဲခြင်း၊ မွမ်းမံခြင်း၊ ဖြည့်စွက်ခြင်း (သို့မဟုတ်) တိုးတက်ပြုပြင်ခြင်း ပြုလုပ်နိုင်သည်။

ကန့်သတ်ထားသော လိုင်စင်နှင့်  Website ကဏ္ဏ ဝင်ရောက်သုံးစွဲခွင့် - ပိုင်ရှင်များသည် သင့်အား ဤ Website  ကဏ္ဏ ကို ဝင်ရောက်သုံးစွဲရန်နှင့် ကိုယ်ပိုင်အသုံးပြုရန်အတွက် တစ်ဦးတည်း မူပိုင်မဟုတ်သော၊ ကန့်သတ်ထားသည့် ကိုယ်ပိုင်လိုင်စင်တစ်ခုကို ခွင့်ပြုပေးအပ်ထားသည်။ သို့ရာတွင် ပိုင်ရှင်များ၏ အတိအလင်းစာဖြင့် ရေးသားထားသည့် သဘောတူခွင့်ပြုမှုဖြင့်မှလွဲ၍ (page catching ပြုလုပ်ခြင်း မှတစ်ပါး) download ကူးယူခြင်း (သို့မဟုတ်) ၎င်းကိုဖြစ် စေ၊ ၎င်း၏ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ပြုပြင်မွမ်းမံခြင်း ပြုလုပ်ခွင့်မပြုပါ။ ဤခွင့်ပြုချက်တွင် ဤ Website ကဏ္ဏ  သို့မဟုတ် ၎င်းတွင်ပါရှိသည့်အရာများ (content) အား ပြန်လည် ရောင်းချခြင်း၊ သို့မဟုတ် စီးပွားရေးအရ အသုံးပြုခြင်း၊ ဝန်ဆောင်မှုအမျိုးအစားစာရင်းများ၊ ဖော်ပြချက်များ (သို့) စျေးနှုန်းများအား စုဆောင်းခြင်း၊ သို့မဟုတ် အသုံးပြုခြင်း၊ ဤ Website ကဏ္ဏ  သို့မဟုတ် ၎င်းတွင်ပါရှိသည့် အရာများ(content)အား ကူးယူအသုံးပြုခြင်း(သို့) data mining၊ စက်ရုပ်များ၊ သို့မဟုတ် အလားတူ အချက်အလက်စုဆောင်း၍ ထုတ်ယူသည့် ကိရိယာများအား အသုံးပြုခြင်းတို့ မပါဝင်ပါ။ ပိုင်ရှင်များ၏ အတိအလင်းစာဖြင့် ရေးသားထားသည့် သဘောတူ ခွင့်ပြုချက်မရှိဘဲ စီးပွားရေး ရည်ရွယ်ချက် တစ်စုံတစ်ရာအတွက် ဤ Website ကဏ္ဏ (သို့) ၎င်း၏ မည်သည့်အစိတ်အပိုင်းကိုမျှ ကူးယူ ခြင်း၊ မူပွားခြင်း၊ မိတ္တူကူးခြင်း၊ ရောင်းချခြင်း၊ ပြန်လည် ရောင်းချခြင်း၊ ဝင်ရောက်ကြည့်ရှုခြင်း (သို့) အခြား တစ်နည်းဖြင့် အမြတ်ထုတ်ခြင်း မပြုလုပ်နိုင်ပါ။ သင်သည် Chubb အုပ်စု၊ သို့မဟုတ် ပိုင်ရှင်များ၏ အတိအလင်းစာဖြင့် ရေးသားထားသည့် သဘောတူ ခွင့်ပြုချက်မရှိဘဲ သူတို့၏ (အကန့်အသတ်မရှိဘဲ ပုံရိပ်များ၊ စာသားများ၊ စာမျက်နှာ အဆင်အပြင် (သို့) ပုံစံများ အပါအဝင်) မည်သည့် ကုန်အမှတ်တံဆိပ်၊ လိုဂိုအမှတ်အသား (သို့) အခြား ကိုယ်ပိုင်သတင်းအချက်အလက်များအား ထည့်သွင်း (enclose) ထားရန် webpage တစ်ခုကိုခွဲခြားပြီး ဘောင် မခတ်နိုင်ပါ (သို့) ဘောင်ခတ်သည့် နည်းပညာများ (framing techniques)ကို အသုံးမပြုနိုင်ပါ။ သင်သည် ၎င်းတို့၏ ပိုင်ရှင်များ၏ အတိအလင်းစာဖြင့် ရေးသားထားသည့် သဘောတူခွင့်ပြုချက်မရှိဘဲ Chubbအုပ်စု (သို့) ပိုင်ရှင်များ၏ အမည်(များ)၊ သို့မဟုတ် အခြား ဝန်ဆောင်မှု အမှတ်တံဆိပ် တစ်ခုခုကို အသုံးချလျက် မည်သည့် meta-tags သို့မဟုတ် အခြား"hidden text" တစ်ခုခုကိုမျှ အသုံးမပြုနိုင်ပါ။ ခွင့်ပြုချက်မရသော အသုံးပြု မှုတစ်ခုခုသည် ဤခွင့်ပြုချက်အရ သင့်အားပေးအပ်ထားသည့် ခွင့်ပြုချက် (သို့) လုပ်ဆောင်ခွင့် ခွင့်ပြုချက်ကို ရပ်စဲစေသည်။

မူပိုင်ခွင့် - အခြားတစ်နည်းအားဖြင့် ရှင်းလင်းပြတ်သားစွာ ဖော်ပြခြင်းမှတစ်ပါး ဤ Website ကဏ္ဏ ပါရှိ သည့်အရာများ (content) နှင့် Software အားလုံးသည် Chubb အုပ်စု (သို့) ပိုင်ရှင်များ (သို့) တတိယ ပုဂ္ဂိုလ်/အဖွဲ့အစည်း ဖြစ်သော ပါရှိသည့်အကြောင်းအရာများ ကို ပေးသွင်းသူများ (third party content suppliers)၏ မူပိုင်ခွင့်လက်ရာများ ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ မူပိုင်ခွင့် ဥပဒေများအရ ကာကွယ်ထားသည်။ ပါရှိသည့် အကြောင်းအရာများ(content) နှင့် software အားလုံး၏ တစ်ပေါင်းတည်းစုစည်းထားမှု (ဆိုလိုသည်မှာစုဆောင်းမှု၊ စီစဉ်မှုနှင့် အစိတ်အပိုင်းများ စုပေါင်းတပ်ဆင်ထားမှု) သည်လည်း Chubb အုပ်စု (သို့) ပိုင်ရှင်များ၏ သီးသန့်မူပိုင်ပစ္စည်း ဖြစ်ပြီး ပြည်တွင်းနှင့်နိုင်ငံတကာ မူပိုင်ခွင့်ဥပဒေများအရ ကာကွယ်ထားသည်။

သင်သည် မူပိုင်ခွင့်တစ်ရပ်ရပ် (သို့) သတင်းအချက်အလက်တွင်ပါရှိသော အခြားသတိပေးချက်တစ်ခုခုကို မထိမခိုက်စေဘဲထားရှိပြီး ဖယ်ရှားခြင်း (သို့) ပြုပြင်ပြောင်းလဲခြင်း မပြုလုပ်ပါက သင်၏ကိုယ်ပိုင်အသုံးပြုမှု အတွက် ဤ Website ကဏ္ဏ မှ သတင်းအချက်အလက်များကို ကူးယူ(download) နိုင်ပြီး ပုံနှိပ်စာရွက်များ(print) ထုတ်ယူနိုင်သည်။ ဤစာချုပ်စာတမ်းတွင် အခြားတစ်နည်းအားဖြင့် ရှင်းလင်းပြတ်သားစွာ ဖော်ပြထားခြင်းမှတစ်ပါး သက်ဆိုင်ရာ Chubb အုပ်စုကုမ္ပဏီ၊ ပိုင်ရှင်များ သို့မဟုတ်၊ သတင်းအချက်အလက်များကိုပိုင်ဆိုင်သည့် (သို့) ဤကဲ့သို့သော ခွင့်ပြုချက်ကိုပေးရန် အခြားတစ်နည်းအား ဖြင့် လုပ်ပိုင်ခွင့်ပေးထားခြင်းခံရသည့် အခြားတတိယ ပုဂ္ဂိုလ်/အဖွဲ့အစည်းဖြစ်သော သတင်းအချက်အလက် ထောက်ပံ့ပေးအပ်သူ၏ ကြိုတင်၍ စာဖြင့် ရေးသားထားသည့် ခွင့်ပြုချက်မရှိဘဲ သင်သည် မည်သည့် စာသားများ၊ ပုံရိပ်များ၊ အသံသွင်းထားမှုများ၊ ဗီဒီယိုများ အပါအဝင် ဤ Website ကဏ္ဏ မှ ရရှိသော ပါရှိသည့်အကြောင်းအရာများ(content) တစ်စုံတစ်ရာကို တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပြောင်းလဲခြင်း၊ မွမ်းမံခြင်း၊ မိတ္တူကူးခြင်း၊ (ပေးလျော်ရန်၊ သို့မဟုတ်၊ အခြားအကြောင်းကြောင့်အတွက်) ဖြန့်ဝေခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ ပြသခြင်း၊ တင်ဆက်ခြင်း၊ မူပွားခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ အင်တာနက်ပေါ်တင်ခြင်း၊ ပုံနှိပ် ထုတ်ဝေခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ web စာမျက်နှာကို ခွဲခြား၍ ဘောင်ခတ်ခြင်း(frame)၊ download ကူးယူခြင်း၊ နောက်ပိုင်းတွင် အသုံးပြုရန်အတွက် သိမ်းဆည်းထားခြင်း၊ ဤ Website  ကဏ္ဏ မှ ကူးယူသည့် လက်ရာများကို ဖန်တီးခြင်း၊ လွှဲပြောင်းခြင်း၊ သို့မဟုတ်၊ ရောင်းချခြင်းတို့ကို မည်သည့် နည်းနှင့်မျှ မပြုလုပ်နိုင်ပါ။ ပိုင်ရှင်များ၊ သက်ဆိုင်ရာ Chubb အုပ်စု ကုမ္ပဏီ၊ သို့မဟုတ်၊ ထိုပါရှိသည့်အရာများ (content) ကို ပိုင်ဆိုင်သည့် သို့မဟုတ်၊ ဤကဲ့သို့သော ခွင့်ပြုချက်ကိုပေးရန် အခြားတစ်နည်းအားဖြင့် လုပ်ပိုင်ခွင့် ပေးထားခြင်းခံရသည့် အခြားတတိယပုဂ္ဂိုလ်/အဖွဲ့အစည်း ဖြစ်သော သတင်းအချက်အလက်ထောက်ပံ့ပေးအပ်သူက တိကျသေချာစွာ ခွင့်ပြုခြင်းမရှိပါက သင်ကဖြစ်စေ၊ သို့မဟုတ်၊ သင်က လုပ်ပိုင်ခွင့်ပေးထားသော အခြား တစ်စုံတစ်ဦးကဖြစ်စေ ပုံရိပ်များအပါအဝင် ပါရှိသည့် အရာ များ (content) ကို အသုံးပြုခြင်းအား ပိတ်ပင်တားမြစ် သည်။ စာသား၊ သို့မဟုတ်၊ ပုံရိပ်များအား ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းသည် မူပိုင်ခွင့်ဥပဒေများ၊ ကုန်အမှတ်တံဆိပ် ဥပဒေများ၊ ပုဂ္ဂိုလ်ရေးလျှို့ဝှက်မှုနှင့် လူသိထင်ရှား ကျော်ကြားမှုဆိုင်ရာ ဥပဒေများ၊ သက်ဆိုင်ရာစည်းမျဉ်းများ နှင့် ပြဋ္ဌာန်းဥပဒေများကို ချိုးဖောက်ရာရောက် သည်။ မည်သည့် Chubb အုပ်စု ကုမ္ပဏီများ၊ ပိုင်ရှင်များကဖြစ်စေ၊ သို့မဟုတ်၊ သူတို့၏ သက်ဆိုင်ရာဝန်ထမ်းများ၊ ဒါရိုက်တာ များ သို့မဟုတ်၊ အရာရှိများကဖြစ်စေ ဤ Website ပေါ် တွင် ပါရှိသည့်အရာများ(content)၊ ဝန်ဆောင်မှုများ၊ software များ၊ သို့မဟုတ်၊ ပြသထားသော အခြား အကြောင်းအရာများအား သင်၏အသုံးပြုမှုသည် တတိယ ပုဂ္ဂိုလ်/ အဖွဲ့အစည်းများ၏ အခွင့်အရေးများကို ချိုးဖောက် ခြင်းမရှိပါဟု အာမခံပါ ခြင်း၊ သို့မဟုတ်၊ ကိုယ်စားမပြုပါ။

ကုန်အမှတ်တံဆိပ်များနှင့် ဝန်ဆောင်မှု အမှတ်တံဆိပ်များ -"CHUBB", "CHUBB GROUP", "ESIS" နှင့် "Westchester"  တို့အပါအဝင် ထိုထိုသောကုန်အမှတ် တံဆိပ်များသည် Chubb Limited သို့မဟုတ် ၎င်း၏ ကုမ္ပဏီခွဲများမှတစ်ခု၏ မှတ်ပုံတင်ထားသော ဝန်ဆောင်မှု အမှတ်တံဆိပ်များ ဖြစ်သည်။ ဤ Website ကဏ္ဏ ၏ domain အမည် ( www.chubb.com/mm-mm) ၊ Chubb လိုဂို အမှတ်အသားများ၊ စာမျက်နှာပေါ်ရှိ ခေါင်းစည်းနေရာများ (page headers) အားလုံး၊ ကွန်ပျူတာအသုံးပြုသူ၏ စိတ်ကြိုက်ဂရပ်ဖစ် ရုပ်ပုံများ (custom graphics) နှင့် အမိန့်ပေးခလုတ် သင်္ကေတရုပ်ပုံများ (button icons) သည် Chubb အုပ်စု၏ ဝန်ဆောင်မှုအမှတ်တံဆိပ်များ၊ ကုန်အမှတ်တံဆိပ်များ၊ လိုဂိုအမှတ်အသားများ နှင့်/ သို့မဟုတ် ကုန်ပစ္စည်း၏ ပုံပန်းသွင်ပြင် (trade dress) ဖြစ်သည်။ Website ကဏ္ဏ ပေါ်ရှိ အခြားသော ကုန်အမှတ် တံဆိပ်များ၊ ဝန်ဆောင်မှုအမှတ်တံဆိပ်များ၊ ကုန်ပစ္စည်း၏ ပုံပန်းသွင်ပြင်၊ ဝန်ဆောင်မှုအမျိုးအစားအမည်များ၊ ကုမ္ပဏီအမည်များ၊ သို့မဟုတ်၊ လိုဂိုအမှတ်အသားများ အားလုံးသည် မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မတင်ထား သည်ဖြစ်စေ ၎င်းတို့၏ သက်ဆိုင်ရာပိုင်ရှင်များ၏ ပိုင်ဆိုင် ပစ္စည်းများဖြစ်သည်။ သက်ဆိုင်သော ဥပဒေများအားလုံးကို လိုက်နာရမည့်အပြင် သင်သည် ပိုင်ရှင်များ၏ ကြိုတင်၍ စာဖြင့်ရေးသားထားသော ခွင့်ပြုချက်မရှိဘဲ ဤ Website ကဏ္ဏ မှ အဆိုပါ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုအမှတ် တံဆိပ်များ၊ ကုန်ပစ္စည်းပုံပန်းသွင်ပြင်၊ သို့မဟုတ်၊ အခြား လိုဂိုအမှတ်အသားများကို အသုံးမပြုရန် သဘောတူသည်။

ဤ Website ကဏ္ဏ မှတစ်ဆင့် တင်ပြသောသတင်းအချက်အလက်များ - သင်တင်ပြသော ကိုယ်ပိုင်အချက်အလက် များ သို့မဟုတ်၊ သတင်းအကြောင်းအရာများ (၎င်းတို့ကို ကျွန်ုပ်တို့၏ Chubb Online ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်နှင့်အညီ ထိန်းသိမ်းထားရှိရမည်ဖြစ်သည်) မှလွဲ၍ ဤ Website ကဏ္ဏ မှတစ်ဆင့် ပိုင်ရှင်များထံသို့ သင် တစ်ဆင့်ပေးပို့သည့် သတင်းအကြောင်းအရာအချက် အလက်များကို လျှို့ဝှက်အဆင့်အဖြစ် မမှတ်ယူဘဲ၊ သင်၏ တစ်ဦးတည်းပိုင်ဆိုင်မှုအဖြစ် သဘောမထားဘဲ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်မည်ဖြစ်သည်။

တားမြစ်ထားသည့် အသုံးပြုမှု  -  ဤ Website ကဏ္ဏအား အောက်ပါတို့အတွက် အသုံးပြုမှု၊ သို့မဟုတ်၊ အသုံးပြုရန် ကြိုးပမ်းမှုကို တားမြစ်သည်။ (၁) တရားမဝင်သော၊ ခွင့်ပြု ချက်မရသော၊ မမှန်မကန်သော၊ သို့မဟုတ်၊ မကောင်းသော ရည်ရွယ်ချက်တစ်ခုခုအတွက် အသုံးပြုမှုသော်လည်း ကောင်း၊ သို့မဟုတ်၊ (၂) server တစ်ခုခု၊ သို့မဟုတ်၊ server တစ်ခုခုနှင့်ချိတ်ဆက်ထားသည့် ကွန်ပျူတာ ကွန်ရက်စနစ်(များ) (networks) ကို ပျက်စီးခြင်း၊ ရပ်ဆိုင်း ခြင်း၊ ဝန်ပိခြင်း၊ ထိခိုက်ခြင်း ဖြစ်စေနိုင်သည့် အသုံးပြုမှု သော်လည်းကောင်း၊ သို့မဟုတ်၊ (၃) Website ကဏ္ဏအား အခြားပုဂ္ဂိုလ်/အဖွဲ့အစည်း တစ်ခုခု၏ အသုံးပြုမှု သို့မဟုတ် အကျိုးခံစားမှုကို နှောင့်ယှက်ရန်အတွက် အသုံးပြုမှုသော် လည်းကောင်း၊ သို့မဟုတ်၊ (၄) ကွန်ပျူတာပရိုဂရမ်ကို ထိုးဖောက်ဝင်ရောက်ခြင်း (hacking)၊ စကားဝှက်ဖော် ထုတ်ခြင်း (password mining) ၊သို့မဟုတ်၊ အခြား နည်းလမ်းတစ်ခုခုဖြင့် အခြားအကောင့်များ(accounts)၊ ကွန်ပျူတာစနစ်များ ၊သို့မဟုတ်၊ server သို့မဟုတ် စနစ် တစ်ခုခုနှင့်ချိတ်ဆက်ထားသည့် ကွန်ပျူတာကွန်ရက်စနစ် များ (networks) သို့ ခွင့်ပြုချက်မရဘဲ ဝင်ရောက်ရယူ သုံးစွဲရန် အသုံးပြုမှုသော်လည်းကောင်း၊ သိုမဟုတ် (၅) ပိုင်ရှင်များက ကွန်ပျူတာအသုံးပြုသူ(user) တစ်ဦးအား ရယူသုံးစွဲခွင့်ပြုရန် မရည်ရွယ်သည့် စနစ်များ၊ အချက် အလက်များ၊ သို့မဟုတ်၊ သတင်းအကြောင်းအရာများကို ဝင်ရောက်ရယူသုံးစွဲရန် အသုံးပြုမှုသော်လည်းကောင်း၊ သို့မဟုတ်၊ (၆) ပိုင်ရှင်များက ရယူခွင့်ပြုရန်မရည်ရွယ်သည့် အကြောင်းအရာများ ၊သို့မဟုတ်၊ သတင်းအချက်အလက် များကို နည်းလမ်းတစ်ခုခုဖြင့်ရယူရန် အသုံးပြုမှုသော် လည်းကောင်း၊ သို့မဟုတ် (၇) Website ကဏ္ဏ တည်ထောင်ရခြင်း၏ရည်ရွယ်ချက်ဖြစ်သော လုပ်ငန်းဆိုင်ရာ ရည်ရွယ် ချက်မှတစ်ပါး အခြားအသုံးပြုမှုတစ်ခုခုသော်လည်းကောင်း တားမြစ်ပိတ်ပင်သည်။

ထို့ပြင် Website အား သင်၏အသုံးပြုုမှုနှင့်စပ်လျဉ်း၍ သင်သည် အောက်ပါတို့ကို မလုပ်ဆာင်ရန် သဘောသည်။


(က)  တရားမဝင်သော၊ ထိခိုက်နစ်နာစေသော၊ ခြိမ်း ခြောက်သော၊ ရုန့်ရင်းကြမ်းတမ်းသော၊ အနှောင့်အယှက် ပေးသော၊ ဝေ့လည်ကြောင်ပတ်ဖြစ်သော၊ အသရေဖျက် သော၊ ရိုင်းပျသော၊ မဖွယ်မရာသော၊ သိက္ခာချသော၊ သို့မဟုတ်၊ အခြားတစ်နည်းအားဖြင့် မနှစ်မြို့ဖွယ်ရာဖြစ် သော၊ သို့မဟုတ်၊ အခြားသူတစ်ဦး၏ ပုဂ္ဂိုလ်ရေးလျှို့ဝှက်မှု၊ သို့မဟုတ်၊ လူသိရှင်ကြားဖြစ်မှု အခွင့်အရေးအား ကျူးကျော်ထိပါးသည့် စာတိုများ (message)၊ သတင်း အကြောင်းအရာများ၊ အချက်အလက်များ၊ စာသားများ၊ software သို့မဟုတ် ပုံရိပ်များ၊ သို့မဟုတ်၊ အကြောင်း အရာများ ("အကြောင်းအရာ") (materials) တစ်စုံတစ်ရာ အား website တစ်ခုသို့ ကော်ပီပေးပို့ခြင်း (upload)၊ သို့မဟုတ် တစ်ဆင့်ပေးပို့ခြင်း(transmit)။


(ခ) အခြားသူများအားလှည့်စားရန် ရည်ရွယ်ချက်အတွက် မိမိ မည်သူမည်ဝါဖြစ်ကြောင်း အစစ်အမှန်မဟုတ်သော အတုကို ဖန်တီးခြင်း၊ သို့မဟုတ်၊ Chubb ၏ ကိုယ်စားလှယ် တစ်ဦးဦးနှင့် အခြားအရာများအပါအဝင် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုအား အယောင်ဆောင်တုပ ခြင်း၊ သို့မဟုတ်၊ ပုဂ္ဂိုလ်တစ်ဦး  သို့မဟုတ် အဖွဲ့အစည်း တစ်ခုနှင့် သင်၏နှီးနွယ်ဆက်သွယ်မှုကို မဟုတ်မမှန် ဖော်ပြ ခြင်း သို့မဟုတ် အခြားတစ်နည်းအားဖြင့် မှားယွင်းစွာတင်ပြ ခြင်း။


(ဂ) အခြားသူတစ်ဦး၏ ကွန်ပျူတာအလုပ်လုပ်ဆောင်မှု၊ သို့မဟုတ်၊ အခြားသူတစ်ဦး၏ ပိုင်ဆိုင်ပစ္စည်းကို ထိခိုက် ပျက်စီးစေနိုင်သည့် viruses, trojan horses, worms, time bombs, cancel-bots, မူလအတိုင်းမဟုတ်ဘဲ အမှားအယွင်းပါသောဖိုင်များ (corrupted files)၊ သို့မဟုတ်၊ အခြားအလားတူ software, သို့မဟုတ် programs များ ပါရှိသည့်ဖိုင်များကို website တစ်ခုသို့ ကော်ပီပေးပို့ခြင်း (upload) ၊ သို့မဟုတ် စတင်မိတ်ဆက်ပေးခြင်း။


(ဃ)  ဆက်သွယ်ရေးအစီအစဉ် (communication feature) တစ်ခုခုသို့ သင်ကော်ပီပေးပို့သည့် (upload) ဖိုင်၏ ဖန်တီးသူအမည်များ (author attributions) ၊ တရားဝင် သတိပေးချက်များ၊ သို့မဟုတ်၊ ပိုင်ဆိုင်မှု သတ်မှတ်ချက်များ (proprietary designations) ၊ သို့မဟုတ် အမှတ်တံဆိပ်များ တစ်စုံတစ်ရာကို ဖျက်ပစ်ခြင်း။


(င)  စီးပွားရေးဆိုင်ရာဖြစ်စေ၊ သို့မဟုတ် အခြားအကြောင်း အရာများဖြစ်စေ  မလိုလားအပ်သော ကြော်ငြာများ၊ "junk mail", "spam", "chain letter", "pyramid schemes" များ တစ်စုံတစ်ခုကို website တစ်ခုသို့ ကော်ပီပေးပို့ခြင်း (upload)၊ သို့မဟုတ် တစ်ဆင့်ပေးပို့ခြင်း (transmit)။


(စ)  သက်ဆိုင်သော  ဒေသန္တရ၊ ပြည်နယ်၊ နိုင်ငံတော် ၊ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း။


(ဆ)  ပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခုခု၏ မှတ်ပုံတင်မူပိုင်၊ ကုန် အမှတ်တံဆိပ်၊ ဝန်ဆောင်မှုအမှတ်တံဆိပ်၊ ကုန်သွယ်ရေး လျှို့ဝှက်ချက်၊ မူပိုင်ခွင့်၊ သို့မဟုတ်၊ အခြား ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်သည့် အကြောင်းအရာတစ်ခု ကို  website တစ်ခုသို့ ကော်ပီပေးပို့ခြင်း (upload)၊ သို့မဟုတ် တစ်ဆင့်ပေးပို့ခြင်း (transmit)။


(ဇ)  အခြား ပုဂ္ဂိုလ်တစ်ဦးဦး၊ သို့မဟုတ်၊ အဖွဲ့အစည်း တစ်ခုခုက အင်တာနက်ပေါ်တင်ထားသည့် အကြောင်း အရာတစ်ခုခုကို ဖျက်ပစ်ခြင်း၊ သို့မဟုတ် ပြင်ဆင်ခြင်း။


(စျ)  ဘောင်ခတ်ခြင်း (framing) ၊ website ကော်ပီကူးယူ ခြင်း (mirroring) ၊ သို့မဟုတ်၊ အလားတူ သွားရောက် လိုရာသို့ရှာဖွေပြညွှန်းပေးသည့် နည်းပညာ (navigational technology) ကိုအသုံးပြုလျက် Website အား ကြိုးကိုင် ခြယ်လှယ်ခြင်း ၊သို့မဟုတ်၊ အခြားတစ်နည်းအားဖြင့် ပြသခြင်း၊ သို့မဟုတ်  အထက်တွင် လိုရင်းအချုပ်ဖော်ပြ ထားသည့် ကန့်သတ်ထားသောလိုင်စင်နှင့် Website ဝင်ရောက်သုံးစွဲခွင့်တို့နှင့်အညီ  Website ၏ အဓိက ပထမဆုံး မျက်နှာစာ (main home page) ဖြစ်သော www.chubb.com/mm-en သို့ မဝင်ရောက်ဘဲ WebSite၏ အခြားအစိတ်အပိုင်းများသို့ တိုက်ရိုက်ချိတ်ဆက်ခြင်း။


(ည)  အကယ်၍ သင့်အား ပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခုက ထိုသို့ပြုလုပ်ရန် အတိအလင်း ခွင့်မပြုပါက ဝန်ဆောင်မှု အမျိုးအစား၊ သို့မဟုတ်၊ ဝန်ဆောင်မှုတစ်ရပ်ရပ်အတွက် အဆိုပါ ပုဂ္ဂိုလ်/အဖွဲ့အစည်းအား မှတ်ပုံတင်ခြင်း (register)၊ အမည်စာရင်းသွင်းခြင်း (subscribe)၊ မှတ်ပုံတင်ရန် ကြိုးပမ်းခြင်း၊ အမည်စာရင်းသွင်းရန် ကြိုးပမ်းခြင်း၊ အမည်စာရင်းသွင်းထားမှုကို ပယ်ဖျက်ခြင်း၊ သို့မဟုတ်၊ အမည်စာရင်းသွင်းထားမှုကို ပယ်ဖျက်ရန် ကြိုးပမ်းခြင်း။


(ဋ)  အီးမေးလ် လိပ်စာများအပါအဝင် အခြားသူများ၏ သတင်းအချက်အလက်များကို ရယူခြင်း၊ သို့မဟုတ်၊ အခြားတစ်နည်းအားဖြင့် စုဆောင်းခြင်း။


ပိုင်ရှင်များသည် အထက်ဖော်ပြပါအချက်များအား အမှန် တကယ်၊ သို့မဟုတ်၊ သံသယရှိသော ချိုးဖောက်မှုများကို တုန့်ပြန်ဆောင်ရွက်ရာတွင် ကွန်ပျူတာအသုံးပြုသူ (user) ၏ ရယူသုံးစွဲခွင့် (access) နှင့်/သို့မဟုတ် အကောင့် (account) အား ဆိုင်းငံ့ခြင်း၊ သို့မဟုတ်၊ ရပ်စဲခြင်း နှင့် အခြားအရေးယူမှုများအပါအဝင် ၎င်းက သင့်လျော်သည်ဟု ယူဆသည့် တရားဥပဒေနှင့်အညီ မည်သည့် အရေးယူ ဆောင်ရွက်မှုကိုမဆို ပြုလုပ်ရန် လုပ်ပိုင်ခွင့်ကို လက်ဝယ် ထားရှိသည်။ ပိုင်ရှင်များသည် သံသယရှိသော၊ သို့မဟုတ်၊ စွပ်စွဲခံရသော ပြစ်မှုကြောင်းအရ၊ သို့မဟုတ်၊ တရားမ ကြောင်းအရ ဖောက်ဖျက်မှုတစ်ခုခုကို စုံစမ်းစစ်ဆေးရာတွင် ဥပဒေဆိုင်ရာအာဏာပိုင်များ နှင့်/သို့မဟုတ် တတိယ ပုဂ္ဂိုလ်/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။ Chubb Online ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာထုတ်ပြန်ချက်က အတိအလင်းကန့်သတ်ထားသည်မှတစ်ပါး  ပိုင်ရှင်များ သည် ၎င်းတို့၏ တစ်ဦးတည်းကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် အပြည့်အဝ ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ သက်ဆိုင် သော ဥပဒေ၊ စည်းမျဉ်း၊ တရားရေးလုပ်ငန်းစဉ်၊ သို့မဟုတ် အစိုးရ၏ တောင်းဆိုမှုတို့ကို ဖြည့်ဆည်းပေးရန်လိုအပ် သည်ဟုယူဆသည့် သတင်းအချက်အလက်များကို ထုတ်ဖော်ဖွင့်ဟရန်၊ သို့မဟုတ်၊ သတင်းအချက်အလက် သို့မဟုတ် အကြောင်းအရာတစ်ခုခုကို တည်းဖြတ်ရန်၊ အင်တာနက်ပေါ်သို့ တင်ဖို့ငြင်းပယ်ရန်၊ သို့မဟုတ်၊ ဖယ်ရှား ရန် လုပ်ပိုင်ခွင့်ကို အချိန်တိုင်း၌ လက်ဝယ်ထားရှိသည်။


လုံခြုံရေးနှင့် ထိန်းချုပ်မှု


စကားဝှက်အကောင့်များ၊ စကားဝှက်များနှင့် လုံခြုံရေး - အကယ်၍ သင့်အား ဤ Website ကဏ္ဏ ပေါ်တွင် အကောင့် (account) တစ်ခု ရယူအသုံးပြုခွင့်ပေးပါက ၎င်းအကောင့်သည် သင့်အား website ၏ စကားဝှက်ဖြင့်ကာကွယ်ထားသည့် အစိတ်အပိုင်းများသို့ ဝင်ရောက်သုံးစွဲခွင့်ကို ပေးမည်ဖြစ် သည်။ ပိုင်ရှင်များသည် သင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ် စေ သင်၏ စကားဝှက်၊ သို့မဟုတ်၊ အကောင့်အား အခြား သူတစ်ဦးက အသုံးပြုမှုကြောင့် သင့်တွင် ဖြစ်ပေါ်လာနိုင် သည့် ဆုံးရှုံးမှုတစ်စုံတစ်ရာအတွက် ဥပဒေအရ တာဝန် မရှိပါ။ သို့ရာတွင် သင်၏အကောင့်၊ သို့မဟုတ်၊ စကားဝှက် ကို အခြားသူတစ်ဦးကအသုံးပြုခြင်းကြောင့် ပိုင်ရှင်များတွင် သို့မဟုတ် အခြား ပုဂ္ဂိုလ်/အဖွဲ့အစည်းတွင် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများအတွက် သင့်တွင် ဥပဒေအရ တာဝန်ရှိနိုင် သည်။ သင်သည် အကောင့်ပိုင်ရှင်၏ ခွင့်ပြုချက်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ အခြားသူတစ်ဦး၏အကောင့်ကို မည်သည့်အချိန်တွင်မဆို အသုံးမပြုနိုင်ပါ။


စောင့်ကြည့်စစ်ဆေးပိုင်ခွင့် -  ပိုင်ရှင်များသည် ၎င်းတို့က သင့်လျော်သည်ဟုယူဆသည့်အတိုင်း အချိန်မရွေး ဤ Website ကဏ္ဏ ၏ သုံးစွဲမှုကို စောင့်ကြည့်စစ်ဆေးပိုင်ခွင့်နှင့် ၊ ပိုင်ရှင်များက သူတို့၏ တစ်ဦးတည်းကိုယ်ပိုင်ဆုံးဖြတ်ပိုင် ခွင့်ဖြင့် မသင့်လျော်ဟု သို့မဟုတ် တရားမဝင်ဟု ယူဆ     သော၊ ပိုင်ရှင်များကို ဥပဒေအရ တာဝန်ရှိစေသော၊ မူဝါဒ များနှင့် ထုတ်ပြန်ချက်များကို ချိုးဖောက်သော၊ သို့မဟုတ်  ဤ Website ကဏ္ဏ ၏ ရည်ရွယ်ချက်နှင့်မညီညွတ်သော မည်သည့်အကြောင်းအရာများကိုမဆို Website ကဏ္ဏ မှ     ဖယ်ရှားပိုင်ခွင့်ကို လက်ဝယ်ထားရှိသည်။  သို့ရာတွင် ပိုင်ရှင်များသည် တတိယပုဂ္ဂိုလ်/အဖွဲ့အစည်း၏  Website ကဏ္ဏ ၏ ပါရှိသည့်အရာများ (content)၊ အီးမေးလ်ပေးပို့မှု ၊ သတင်းအုပ်စု၊ သို့မဟုတ်၊ တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းက ဤ Website ကဏ္ဏ  ပေါ်တွင်ဖြစ်စေ သို့မဟုတ် ဤ Website ကဏ္ဏ မှတစ်ဆင့်ဖြစ်စေ ဖန်တီးသည့်၊ သို့မဟုတ် ရယူနိုင်သည့် အခြား အကြောင်းအရာများအပေါ်တွင် တည်းဖြတ် ထိန်းချုပ်ခြင်း မပြုလုပ်ပါ။


ပုဂ္ဂိုလ်ရေးလုံခြုံမှု မူဝါဒ  - နောက်ထပ်အချက်အလက်များ အတွက် ကျွန်ုပ်တို့၏ Chubb Online ပုဂ္ဂိုလ်ရေးလုံခြုံမှု ဆိုင်ရာ ထုတ်ပြန်ချက်ကို ဖတ်ရှုရန် ကျွန်ုပ်တို့က သင့်အား တိုက်တွန်းပါသည်။


အထွေထွေပြဌာန်းချက်များ


မသက်ဆိုင်ကြောင်း ရှင်းလင်းချက် -  ဤ Website ကဏ္ဏ ပေါ် တွင် ပါရှိသည့်သတင်းအချက်အလက်များသည် သက်သာ လွယ်ကူစွာ အသုံးပြုရန်အတွက်သာဖြစ်ပြီး ကွန်ပျူတာ အသုံးပြုသူ (user) တစ်ဦး မှီခိုအားထားနိုင်သည့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ သို့မဟုတ်၊ အခြား ကျွမ်းကျင်ပညာရှင်ဆိုင်ရာ အကြံပြုမှု၊ သို့မဟုတ်၊ ထောက်ခံမှုများ မဟုတ်ပါ။ Chubb အုပ်စုနှင့် ပိုင်ရှင်များ သည် အရည်အသွေးပြည့်ဝသော သတင်းအချက်အလက် နှင့် အကြောင်းအရာများအား စုဆောင်းရာတွင်၊  စီစဉ် ပြင်ဆင်ရာတွင် နှင့် ထောက်ပံ့ပေးအပ်ရာတွင် ထိုက်သင့် သည့် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ဤ Website သို့မဟုတ် Chubb အုပ်စုက ထိန်းသိမ်း ထားရှိသည့် အခြား website  တစ်ခုခုတွင် ပါရှိသော၊ သို့မဟုတ် ၎င်း website မှတစ်ဆင့် ရရှိနိုင်သော သတင်း အချက်အလက်တစ်ခုခု၏ တိကျမှု၊ ပြည့်စုံမှု သို့မဟုတ် လုံလောက်မှုရှိမှုနှင့်စပ်လျဉ်း၍ မည်သည့်ကိုယ်စားပြုမှု၊ အာမခံမှု၊ တာဝန်ယူမှုမျှ မပြုပါ။ ဤသတင်းအချက်အလက် တစ်စုံတစ်ရာအပေါ်တွင် မှီခိုအားထားသည့် ကွန်ပျူတာ အသုံးပြုသူ  (user) သည် ကိုယ့်ဘာသာကိုယ်တာဝန်ယူ၍ ထိုသို့ ပြုလုပ်ခြင်းဖြစ်သည်။


ဤ Website ကဏ္ဏသည် တွက်ချက်နိုင်သောစက်ကဲ့သို့သော စီမံကိန်း ရေးဆွဲရေးနှင့် ပညာရေးဆိုင်ရာ ကိရိယာများကို သင့်အား ပေးအပ်နိုင်သည်။ ဤကိရိယာများသည် သင့်အား စိစစ် သတ်မှတ်သည့် သတင်းအချက်အလက်နှင့် ယူဆချက် များအပေါ် အခြေခံ၍ ရလာဒ်များကို ပုံရိပ်များဖြင့် ဖော်ပြ နိုင်စေသည်။ ပုံရိပ်များဖြင့်ဖော်ပြသည့် ရလာဒ်များသည် ပုံဆောင်ပြသမှုမျှသာ ဖြစ်သည်။ ပြသထားသည့်ရလဒ် များသည် မှန်ကန်တိကျသည်၊ သို့မဟုတ်၊ ၎င်းတို့ကို အောင်မြင်ရရှိလိမ့်မည်ဟု အာမခံချက် မရှိပါ။ ထို့ပြင် ဤကိရိယာများသည် အကယ်၍ ၎င်းတို့တွင် စီမံကိန်း အစီရင်ခံစာမှ ရရှိသည့်၊ သို့မဟုတ်၊ စီမံကိန်းအစီရင်ခံစာ တွင်ပါရှိသည့် သတင်းအချက်အလက်များကို ထည့်သွင်း ထားလျှင်သော်မှ သင် အခကြေးငွေပေးရသည့် စီမံကိန်း အစီရင်ခံစာတစ်ရပ်ရပ်၏ အစိတ်အပိုင်းတစ်ခု မဟုတ်ပါ။


ဤ Website ကဏ္ဏတွင် အနာဂတ်သို့မြော်မြင်သည့် ထုတ်ပြန် ချက်များ အခါအားလျော်စွာ ပါရှိနိုင်သည်။ Chubb အုပ်စု ကုမ္ပဏီတစ်ခုကပြုလုပ်သော၊ သို့မဟုတ် ၎င်းကုမ္ပဏီ ကိုယ်စားဖြစ်သော အနာဂတ်သို့မြော်မြင်သည့် ထုတ်ပြန် ချက်တစ်ရပ်ရပ်သည် အနာဂတ်ဖြစ်ရပ်များနှင့် ဘဏ္ဍာရေး ဆိုင်ရာဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍  ယခု မျက်မှောက်အမြင်များကို ထင်ဟပ်သည်။ ၎င်းတို့သည် မသေချာမှုများနှင့် မူလကတည်းကရှိရင်းစွဲဖြစ်သော ဆုံးရှုံးမှုအန္တရာယ်များကို ခံရနိုင်ပြီး ထိုဆုံးရှုံးမှုအန္တရာယ် များက အနာဂတ်သို့မြော်မြင်သည့် ထုတ်ပြန်ချက်တွင် ပါရှိသည့်အချက်များနှင့် အဓိကကျကျ ကွဲလွဲသည့် အမှန်တကယ်ရလဒ်များကို ဖြစ်ပေါ်စေနိုင်သည်။


သင်သည် ဤ Website ကဏ္ဏ ကို သင့်ဘာသာသင်တာဝန်ယူ၍ အသုံးပြုခြင်းဖြစ်သည်။ ပါရှိသည့်အရာများ (content) နှင့် Software များအားလုံးကို " အရှိအတိုင်း " (as is) နှင့် "ရရှိနိုင်သည့် အတိုင်း " (as available) အခြေခံပေါ်တွင် ပေးအပ်ထားပြီး သက်ဆိုင်သောဥပဒေက ခွင့်ပြုသည့် အတိုင်းအတာအထိ Chubb အုပ်စုနှင့် ပိုင်ရှင်များသည် ရောင်းစွံနိုင်မှု၊ သို ့မဟုတ်၊ သီးသန့်ရည်ရွယ်ချက်တစ်ခု အတွက် သင့်လျော်မှု တို့အတွက် အာမခံမှုတစ်စုံတစ်ရာ နှင့် အခြားအကြောင်းအရာများအပါအဝင် အတိအလင်း ဖြစ်စေ ၊သို့မဟုတ်၊ သွယ်ဝိုက်ညွှန်းဆို၍ဖြစ်စေ မည်သည့် အာမခံချက်များနှင့် စည်းကမ်းသတ်မှတ်ချက်များ အားလုံး ကိုမဆို ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ရှင်းလင်းပြတ်သား စွာ ငြင်းဆိုသည်။ Chubb အုပ်စုနှင့် ပိုင်ရှင်များသည်     ပါရှိသည့်အရာများ (content) နှင့် Software ၏ မှန်ကန် တိကျမှုနှင့် အချိန်နှင့်တစ်ပြေးညီဖြစ်မှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၎င်းတို့သည် သင်၏ကွန်ပျူတာစနစ်ကို ထိခိုက်ပျက်စီးနိုင်သည့် အနှောင့်အယှက်များ၊ ဗိုင်းရပ်များ၊ သို့မဟုတ်၊ အခြား ကူးစက်ညစ်ညမ်းစေသော သို့မဟုတ် ဖျက်ဆီးတတ်သော ပစ္စည်းများ ကင်းမဲ့သည်ဟု လည်းကောင်း၊ တစ်ဆင့်ပေးပို့သည့်သတင်းအချက်အလက်များ နှောင့်နှေးကြန့်ကြာခြင်း၊ ပေးပို့မှုမအောင်မြင်ခြင်း၊ အချက်အလက်များကို ချန်လှပ် ထားခြင်း၊ သို့မဟုတ်၊ အချက်အလက်များဆုံးရှုံးခြင်း ရှိလိမ့် မည်မဟုတ်ဟု လည်းကောင်း၊ သို့မဟုတ်၊ ဤကဲ့သို့သော မည်သည့် ပြဿနာများကိုမဆို မှန်ကန်အောင်ပြုပြင်ပေးမည်ဟု လည်းကောင်း အာမ မခံပါ။ အချက်အလက်များ နှင့်/ သို့မဟုတ် ပစ္စည်းကိရိယာများကို လုံလောက်စွာ ကာကွယ်ခြင်းနှင့် အပိုကူးယူထားခြင်း (back up)ကို သေချာအောင်လုပ်ဆောင်ရေးနှင့် ကွန်ပျူတာဗိုင်းရပ်များ ၊သို့မဟုတ်၊ အခြားဖျက်ဆီးတတ်သည့်ပစ္စည်းများကို ရှာဖွေရန် (scan) အတွက် ထိုက်သင့်လျော်ကန်သည့် ကြို တင်ကာကွယ်မှုပြုလုပ်ရေးအတွက် သင့်တွင် လုံးဝ တာဝန်ရှိသည်။


Chubb အုပ်စုနှင့် ပိုင်ရှင်များသည် WebSite နှင့်ဆက် သွယ်၍ အသုံးပြုနိုင်သည့် တတိယပုဂ္ဂိုလ်/အဖွဲ့အစည်း၏ Software တစ်ခုခု၏ မှန်ကန်တိကျမှု၊ အသုံးပြုနိုင်မှု၊ သို့မဟုတ်၊ စွမ်းဆောင်မှုနှင့်စပ်လျဉ်း၍ မည်သည့် ကိုယ်စားပြုမှု ၊သို့မဟုတ်၊ အာမခံမှုမျှ မပြုလုပ်ပါ။


တာဝန်ရှိမှုအား ကန့်သတ်ခြင်း -  သက်ဆိုင်သောဥပဒေက ခွင့်ပြုသည့် အတိုင်းအတာအထိ Chubb အုပ်စုနှင့် ပိုင်ရှင် များသည် (အကယ်၍ Website၊ ၎င်းတွင်ပါရှိသည့်အရာ များ (content) အနက်မှ တစ်ခုခု  ၊သို့မဟုတ်၊ Software သို့မဟုတ် ၎င်း Website ပေါ်တွင်ရရှိနိုင်သည့် ဝန်ဆောင်မှုအမျိုး အစားများ နှင့်/သို့မဟုတ် ဝန်ဆောင်မှုများ တစ်ခုခုအား သင်၏အသုံးပြုမှု၊ မှီခိုအားထားမှု သို့မဟုတ် အသုံးပြုရန် နှင့်/သို့မဟုတ် ဝင်ရောက်သုံးစွဲရန် မတတ်နိုင်မှု စသည်တို့ကြောင့်ဖြစ်ပေါ်လာသည့် ပျက်စီးမှုများ ဖြစ်နိုင်သည့်အကြောင်းကို ပိုင်ရှင်များအား အသိပေးအကြောင်းကြား ထားသည်ဆိုလျှင်ပင်) အချက်အလက်များ အသုံးပြုမှု ဆုံးရှုံးခြင်း ၊သို့မဟုတ်၊ အခြားလက်ဆုပ်လက်ကိုင်မပြနိုင်သော ဆုံးရှုံးခြင်းများ ဖြစ်စေသည့် ထိခိုက်ပျက်စီးမှုများနှင့် အခြားအရာများ အပါအဝင် မည်သည့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစစေ၊ မတော်တဆဖြစ်စေ၊ အကျိုးဆက်အရဖြစ်စေ၊ စံနမူနာပြအနေဖြင့်ဖြစ်စေ ထိခိုက်ပျက်စီးမှုများအတွက် သော်လည်းကောင်း၊ အချက်အလက်များဆုံးရှုံးမှုမှ ဖြစ်စေ၊ သို့မဟုတ်၊ Website မှတစ်ဆင့်ဝယ်ယူသည့် ဝန်ဆောင်မှုအမျိုးအစားများ သို့မဟုတ် ဝန်ဆောင်မှုများမှဖြစ်စေ ဖြစ်ပေါ်လာသည့် အစားထိုးဝန်ဆောင်မှုအမျိုးအစားများ သို့မဟုတ် ဝန်ဆောင်မှုများကို ရယူခြင်းအတွက် ကုန်ကျစရိတ်များအတွက် သော်လည်းကောင်း၊ Website ၊ ၎င်းတွင်ပါရှိသည့်အရာများ (content) ၊သို့မဟုတ်၊ Software ၊သို့မဟုတ်၊ ၎င်းWebsiteမှတစ်ဆင့်ရရှိနိုင်သည့်  ဝန်ဆောင်မှု အမျိုးအစားများ သို့မဟုတ် ဝန်ဆောင် မှုများ တစ်ခုခုနှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်တစ်ရပ်ရပ်၊ သို့မဟုတ်၊ တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ရပ်ရပ်၏ အပြုအမူ၊သို့မဟုတ်၊ အခြားကိစ္စ တစ်ရပ်ရပ်အတွက်သော် လည်းကောင်း ဖြစ်တန်ရာသည်ဖြစ်စေ ၊သို့မဟုတ်၊ အခြား အကြောင်းကြောင့်ဖြစ်စေ သင် သို့မဟုတ် တတိယပုဂ္ဂိုလ်/ အဖွဲ့အစည်းများအပေါ် ပေးဆပ်ရန် ဥပဒေအရတာဝန်မရှိ ကြောင်း သင်နားလည်သိရှိပြီး သဘောတူသည်။ ဤ Website ကိုအသုံးပြုခြင်းဖြင့် Website အားသင်၏အသုံးပြုမှုမှ ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု ၊သို့မဟုတ်၊ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာအတွက် ပိုင်ရှင်များ သို့မဟုတ် အခြား Chubbအုပ်စု ကုမ္ပဏီများကို တရားစွဲဆိုနိုင်သည့် သင်၏ လုပ်ပိုင်ခွင့်ကိုစွန့်လွှတ်ရန် သင်သဘောတူကြောင်း သင်နားလည်သိရှိပြီး သဘောတူသည်။ ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များတွင်ပါရှိသော မည်သည့် အကြောင်းအရာကမျှ (၁) ပေါ့ဆမှုကြောင့်ဖြစ်သော ၊သို့မဟုတ်၊ ပေါ့ဆမှုမှဖြစ်ပေါ်လာသော သေဆုံးမှု ၊သို့မဟုတ်၊ လူပုဂ္ဂိုလ်ထိခိုက်ဒဏ်ရာရရှိမှု နှင့် (၂) လိမ်လည်မှုတို့မှ ပေါ်ပေါက်လာသော ပိုင်ရှင်များ သို့မဟုတ် Chubb အုပ်စုကုမ္ပဏီများ၏ တာဝန်ရှိမှုကို ကန့်သတ်ရန် အာဏာမသက်ရောက်ပါ။


လျော်ကြေးငွေပေးခြင်း - သင်သည် ပိုင်ရှင်များနှင့် သူတို့၏ သက်ဆိုင်ရာ အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ ကိုယ်စားလှယ်များ၊ လိုင်စင်ထုတ်ပေး သူများ၊ ဝန်ဆောင်မှုပေးသူများ၊ တစ်ဆင့်ခံကန်ထရိုက်တာ များနှင့် ပေးသွင်းသူများအား Website ကို သင်၏အသုံး ပြုမှုမှပေါ်ပေါက်လာသော ၊သို့မဟုတ်၊ အကျိုးဆက်ဖြစ်ပေါ် လာသော ထိုက်သင့်သည့် ရှေ့နေခများနှင့် တရားရုံးစရိတ် များအပါအဝင် ဆုံးရှုံးမှုများ၊ တာဝန်ရှိမှုများ၊ စရိတ်စကများ၊ ထိခိုက်ပျက်စီးမှုများနှင့် ကုန်ကျစရိတ်များ တစ်စုံတစ်ရာနှင့် အားလုံးအတွက် လျော်ကြေးငွေပေးရန်၊ ကာကွယ်ရန်နှင့် ထိခိုက်နစ်နာမှုမရှိစေရန် သဘောတူသည်။ အကယ်၍ သင်သည် website အား ၎င်း၏ ကွန်ပျူတာအသုံးပြုသူများ (users) ထံသို့ယင်းမှတစ်ဆင့်ပေးပို့သည့် Website သို့မဟုတ် စနစ်များ၏ နည်းပညာပိုင်းဆိုင်ရာ နှောင့်ယှက်မှု တစ်ခုကိုဖြစ်စေပါက ထိုနှောင့်ယှက်မှုမှ ပေါ်ပေါက်လာ သော ၊သို့မဟုတ်၊ အကျိုးဆက်ဖြစ်ပေါ်လာသော  ထိုက်သင့်သည့် ရှေ့နေခများနှင့် တရားရုံးစရိတ်များအပါအဝင် ဆုံးရှုံးမှုများ၊ တာဝန်ရှိမှုများ၊ စရိတ်စကများ၊ ထိခိုက်ပျက်စီး မှုများနှင့် ကုန်ကျစရိတ်များ တစ်စုံတစ်ရာနှင့် အားလုံး အတွက် တာဝန်ရှိကြောင်း သင်သဘောတူသည်။


လွှမ်းမိုးသည့် ဥပဒေ - ပြဋ္ဌာန်းချက်များအား ထုတ်ပယ်နိုင်မှု။
ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို မြန်မာနိုင်ငံ၏ဥပဒေများက လွှမ်းမိုးသည်။ အကယ်၍ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို တရားစီရင်ပိုင်ခွင့်ရှိသည့် တရား ရုံးတစ်ရုံးက ဥပဒေနှင့်မညီညွတ်ဟု ၊သို့မဟုတ်၊ အတည်ပြု ပြဋ္ဌာန်းရန်မဖြစ်နိုင်ဟု ယူဆပါက ၎င်းသည် ကျန်ပြဋ္ဌာန်းချက်များ၏ တရားဝင်ဖြစ်မှုနှင့် အတည်ပြုပြဋ္ဌာန်းနိုင်မှုကို ထိခိုက်လိမ့်မည်မဟုတ်ပါ။ စာပိုဒ်ခေါင်းစဉ်များသည်  အဆင်ပြေစွာ အသုံးပြုရန်အတွက်သာဖြစ်ပြီး အာဏာသက် ရောက်မှု ၊သို့မဟုတ်၊ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိပါ။

အသုံးအနှုန်းများ ကွဲလွဲမကိုက်ညီမှုရှိခြင်း -  ဤ Terms of Use ၏ အင်္ဂလိပ်နှင့်မြန်မာမူအကြား အသုံးအနှုန်းများ ကွဲလွဲကိုက်ညီမှုမရှိခြင်း၊ အဓိပ္ပာယ်ကွဲလွဲမှုအခြေအနေများ ရှိပါက အင်္ဂလိပ်မူကွဲသည် လွှမ်းမိုးအတည်ဖြစ်သည်။

နောက်ဆုံးမွမ်းမံပြင်ဆင်မှု။  ဇွန် ၁၉၊ ၂၀၁၉