“Close the Care Gap” Campaign တွင်ပါဝင်ခြင်းဖြင့် ပါဝင်သူများသည် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ကိုယ်တိုင်ဖတ်ရှု နားလည်ပြီးဖြစ်ကြောင်းနှင့် လိုက်နာရန်သဘောတူညီပြီး ဖြစ်ကြောင်း သတ်မှတ်သွားမည်ဖြစ်ပါသည်။
“Close the Care Gap” Campaign ကာလမှာ ဖေဖော်ဝါရီလ (၄) ရက်၊ ၂၀၂၄ ခုနှစ်မှ ဖေဖော်ဝါရီလ (၁၆) ရက်၊ ၂၀၂၄ ခုနှစ်အထိ ဖြစ်သည်။ ("Campaign ကာလ")
• ဖော်ပြပါ Facebook post အား ကင်ဆာရောဂါဝေဒနာရှင်များအတွက် အားပေးစကားများနှင့်အတူ
• #ChubbLifeMyanmar #ClosetheCareGap #WorldCancerDay စတဲ့ Hashtags (၃) ခုနဲ့အတူ post ကို public ဖြင့် share ပေးပါ။
• Share ထားသော post ကို မူရင်း campaign post အောက်တွင် ကွန်မန့်လာရောက်ပေးရမည်။
ဆုလက်ဆောင် မှာ World Cancer Day အထိမ်းအမှတ်အဖြစ် Chubb Life Myanmar (“Chubb”) မှ ထုတ်လုပ်ထားသော Jacket အခု (၁၀၀) တိတိ ဖြစ်သည်။
၁။ Campaign ကာလပြီးဆုံးချိန်တွင် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော ပါဝင်သူများထဲမှ အယောက် (၁၀၀) တိတိအား ကျပန်း မဲနှိုက်ရွေးချယ်ပြီး ဆုလက်ဆောင်အသီးသီးပေးအပ်သွားမည်ဖြစ်သည်။ ဆုလက်ဆောင်ကံထူးသူများကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွေ ကြေညာပေးပြီး ဆုလက်ဆောင်အား လာရောက်ထုတ်ယူနိုင်ရန် အသိပေးအကြောင်းကြားသွားပါမည်။
၂။ ယခု Campaign တွင် ပါဝင်သူများသည် မိမိ၏ Post ကို Facebook ပေါ်တွင်တင်ခြင်းဖြင့် Chubb သည် ၎င်းတို့၏ ရေးသားမှုနှင့် ဓာတ်ပုံများကို စျေးကွက်ချဲ့ထွင်ခြင်း၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ရည်ရွယ်ချက်များအတွက် အခကြေးငွေတစ်စုံတစ်ရာ (သို့) အခြားတန်ဖိုးရှိသောအရာ (သို့) တန်ဖိုးတစ်စုံတစ်ရာမရှိသောအရာ ပေးရန်မလိုအပ်ဘဲ အသုံးပြုခွင့်ပေးရန် သဘောတူညီပါသည်။ ဆုရရှိသူများ၏ Post ကို Chubb တံဆိပ်ကပ်ပြီး အသုံးပြုခွင့်ပေးရန် သဘောတူပြီးဖြစ်ပါသည်။
၃။ ဆုရရှိသူ အယောက် (၁၀၀) အား Chubb Life Myanmar Facebook Page မှတစ်ဆင့် ကြေညာပြီး အကြောင်းကြားပေးသွားမည်ဖြစ်သည်။
၄။ အကယ်၍ ဆုလက်ဆောင် ကျပန်းမဲနှိုက်ရွေးချယ်ခံရသူကို ဆက်သွယ်၍ မရသည်ဖြစ်စေ၊ ဆုလက်ဆောင်ရရှိသူသည် Chubb ၏ ကြေညာမှုကို ကြေညာပြီးသည့်ရက်မှ ရက်ပေါင်း (၁၄) အတွင်း ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ပါက ကံထူးရှင်အဖြစ်မှ အလိုအလျောက်ပျက်ပျယ်မည်ဖြစ်ပြီး ဆုလက်ဆောင်ရယူပိုင်ခွင့်ကို ဆုံးရှုံးမည်ဖြစ်သည်။ ဆုလက်ဆောင်ကို လက်ခံရယူမည့်သူသည် နည်းပညာအခက်အခဲကြောင့်ဖြစ်စေ၊ Facebook အကောင့် ယာယီအပိတ်ခံထားရခြင်းကြောင့်ဖြစ်စေ၊ အနိုင်ရရှိသူနေထိုင်သည့် နေရာဒေသတွင် အင်တာနက်မရရှိမှု၊ ပြတ်တောက်မှုကြောင့်ဖြစ်စေ Chubb ၏ အကြောင်းကြားမှုကို မရရှိခဲ့ပါက (သို့) Chubb ၏ အကြောင်းကြားမှုကို သတ်မှတ်အချိန်အတွင်း မတုံ့ပြန်နိုင်ခဲ့ပါက Chubb တွင် တာဝန်မရှိပါ။
၅။ ကျပန်းကံထူးသူရွေးချယ်ခြင်းနှင့် ပတ်သတ်၍ Chubb ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး ကန့်ကွက်မှုတစ်စုံတစ်ရာ မရှိစေရ။
၆။ ဤ Campaign ၏ ဆုလက်ဆောင်အစား အခြားအစားထိုးပေးလျော်မှု တစ်ရပ်ရပ်ဖြင့်သော်လည်းကောင်း၊ ငွေကြေးတစ်စုံတစ်ရာဖြင့်သော်လည်းကောင်း လဲလှယ်ခွင့်ပြုမည်မဟုတ်ပါ။ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ကံထူးသူထံသို့ ၎င်းရသင့်ရထိုက်သည့် ဆုလက်ဆောင်များကို ပေးအပ်နိုင်ခြင်း မရှိခဲ့ပါက Chubb သည် ယင်း ဆုလက်ဆောင်အစား အခြားသော တန်ဖိုးတူညီမျှသည့် ဆုလက်ဆောင်ပစ္စည်းတစ်ခုခုကို အစားထိုးပေးအပ်ပိုင်ခွင့် အပြည့်အဝရှိသည်။