For an optimal site experience, we recommend using a different browser.
Using Internet Explorer may prevent you from accessing Chubb.com, and some site features may not function as expected.

X

ဝန်ထမ်းများ၏ သင်ယူမှုနှင့် Proessional ဆန်စွာ ဖွံ့ဖြိုးတိုးတက်မှုသည် Chubb Culture ၏ အရေးအကြီးဆုံးသော အရာဖြစ်သည်။ ဝန်ထမ်းများအားလုံး ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ယင်းတို့၏ အလားအလာအကောင်းဆုံးအခြေအနေကို ရောက်ရှိစေရန် Chubb မှ အလေးပေး လုပ်ဆောင်ပါသည်။

အမှန်တကယ်ပင် ထူးကဲပြောင်မြောက်သော လုပ်ငန်းရလဒ်များကို ပေးနိုင်သည့် Chubb၏ စွမ်းဆောင်ရည်သည် ကုမ္ပဏီ၏ ထူးချွန်သည့်အရည်အချင်းနှင့် ဖွဲ့စည်းထားသော ဝန်ထမ်းများ၏ ကြိုးပမ်းအား ထုတ်မှုအပေါ်တွင် တည်မှီနေသည်။

Chubbသည် ဝန်ထမ်းများ တိုးတက်အောင်မြင်စေ ရေးအတွက် အလုပ်ခွင်၌ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအရ အပြန်အလှန် ဆက်ဆံပတ်သက်မှုမှ ဖြစ်စေ၊  အွန်လိုင်းနှင့်စာသင်ခန်းများမှတဆင့် လေ့လာသင်ယူခြင်းဖြစ်စေ အရေးပါသော အတွေ့အကြုံများ၊ အရင်းအမြစ်များ၊ နည်းပညာများနှင့် အခွင့်အလမ်းများကို ပံ့ပိုးပေးသည့် လုပ်ငန်းများတွင် အဓိကကျသော ရင်းနှီးမြှပ်နှံမှုများစွာ ပြုလုပ်လျက်ရှိပါသည်။ ထိုရင်းနှီးမြှပ်နှံမှုသည် နောင်အနာဂတ် မျိုးဆက်သစ်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် ကျွမ်းကျင်သော အာမခံပညာရှင်များအဖြစ် တိုးတက်ပေါ်ထွန်းရေးအတွက် မုချလိုအပ်သော ရင်းနှီးမြှပ်နှံမှု ဖြစ်ကြောင်း ကျွန်ုပ်တို့ သိရှိနားလည်သည်။

နိုင်ငံစုံဖြန့်ကျက်ထားသောကုမ္ပဏီတစ်ခုအနေဖြင့် ကျွန်ုပ်တို့၏ ပထဝီဝင် ဒေသဆိုင်ရာ ဝန်ဆောင်မှုအမျိုးအစားများနှင့် ဖြန့်ဝေမှုလုပ်ငန်း အမျိုုးမျိုးသည် သက်မွေးမှု အလုပ်အကိုင်လမ်းကြောင်း ရွေးချယ်စရာအမျိုးမျိုးကို အခွင့်အရေးကောင်းများရယူလိုသည့်သူများ အတွက် မကြုံစဖူးသောအခွင့်အလမ်းများကို ပေးအပ်သည်။

Chubb ၏ လမ်းစဉ်

Chubb ၌ သည် ဝန်ထမ်းများသည် ကျွန်ုပ်တို့ပေးအပ်သည့် စနစ်တကျ သင်တန်းများနှင့် လွတ်လပ်စွာလေ့လာသင်ကြားမှုများကို တက်ရောက်သင်ယူခြင်းဖြင့် သူတို့၏တိုးတက်ဖွံ့ဖြိုးမှုကို ကိုယ်တိုင် တွန်းအားပေးလုပ်ဆောင်ရန် ကျွန်ုပ်တို့ မျှော်လင့်သည်။ အပြန်အလှန်အားဖြင့် Chubb သည် ခိုင်ခံ့အားကောင်းသည့် နည်းပညာနှင့် ခေါင်းဆောင်မှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေမည့် ပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုး ပေးရန်နှင့် သင့်လျော်သည့် လစ်လပ်ရာထူးများတွင် ဖြည့်ဆည်းရန်အတွက် ကုမ္ပဏီအတွင်း၌ ပင်ကိုစွမ်းရည်ရှိသူများကို ရှာဖွေ စုဆောင်းရန် ကတိကဝတ်ပြုသည်။

မန်နေဂျာများနှင့် ခေါင်းဆောင်များကို မိမိတို့အဖွဲ့ အတွင်းတွင် ပင်ကိုယ်စွမ်းရည် တိုးတက် မြင့်မားလာ စေရန် အချိန်ပေးပြီး အလေးထားဆောင်ရွက်စေချင် ပါသည်။ ထူးချွန်ထက်မြက်သည့်မန်နေဂျာများသည် မိမိလက်အောက်ငယ်သားများအကြောင်း ဥပမာ-သူတို့ကို စိတ်အားတက်ကြွစေမည့်အရာများ၊ သူတို့ ၏ ရည်မှန်းချက်များ၊ သူတို့၏ ကျွမ်းကျင်မှုများနှင့် သူတို့၏ အခက်အခဲများကို ကောင်းစွာသိ ရှိပြီး  သူတို့၏အတတ်ပညာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ အဆင့်ဆင့်တိုးတက်လာစေရန် အထောက်အကူဖြစ်စေမည့်အခွင့်အလမ်းများကို ရှာဖွေပေးလေ့ရှိပါသည်။

ကျွန်ုပ်တို့နှင့်အတူလုပ်ကိုင်ရန် စိတ်ဝင်စားပါသလား

မြန်မာနိုင်ငံအတွင်းရှိ Chubb Life ၏ အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းပိုမိုသိရှိလိုပါလျှင်ဆက်သွယ်ရန်