For an optimal site experience, we recommend using a different browser.
Using Internet Explorer may prevent you from accessing Chubb.com, and some site features may not function as expected.

X

Chubb သည် နိုင်ငံနှင့် ဒေသပေါင်း ၅၄ နေရာတွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး Global Citizen အဖြစ်တာဝန်ယူကာ ကမ္ဘာအနှံ့ရှိ လူ့အဖွဲ့အစည်းတိုင်းအပေါ် ကောင်းမွန်သော အပြောင်းအလဲများနှင့် ရေရှည်အကျိုးစီးပွားအတွက် တည်ဆောက်ရန်တာဝန်ကို ပြည့်ဝစွာ ဆောင်ရွက်လျက်ရှိပါသည်။

Chubb ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်း

Chubb သည် တရားဥပဒေစိုးမိုးမှု တိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် Chubb ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းနှင့်အတူ အလေးထားကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယင်းအဖွဲ့အစည်းမှတစ်ဆင့် Chubb သည် တရားဥပဒေစိုးမိုးရေးကို တိုးတက်စေရန် အထောက်အကူဖြစ်စေမည့် အခြေအနေများ တိုးတက်ဖြစ်ပေါ်လာစေရန် မြှင့်တင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် လုပ်ဆောင်ချက်များကို ရန်ပုံငွေအဖွဲ့၏အကူအညီဖြင့် ပံ့ပိုးနေပါသည်။

စတင်တည်ထောင်ခဲ့သည့် ၂၀၀၉ ခုနှစ်ကစ၍ ယင်းအဖွဲ့အစည်းသည် နိုင်ငံပေါင်း ၅၀ ကျော်တွင် အမေရိကန်ဒေါ်လာ ၁,၃၂၀,၀၀၀ သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်သည်။ အာရှတွင်မူ လတ်တလောအနေဖြင့် ၂၀၁၉ ခုနှစ်၌ ဗီယက်နမ်နိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်အတွက် အုပ်ချုပ်ရေးဆိုင်ရထိန်းကျောင်းမှုအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ထောက်ပံ့ပေးခဲ့သလို ပါကစ္စတန်နိုင်ငံတွင်လည်း ဥပဒေမူကြမ်းရေးဆွဲရေးအစီအစဉ်ကို ပိုမိုခိုင်မာလာစေရန် ထောက်ပံ့ပေးခဲ့ပါသည်။

ကျွန်ုပ်တို့၏ Mission

Chubb တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ ဥပဒေရေးရာအဖွဲ့အစည်းများ တိုးတက်လာစေရန်နှင့် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်မည့် စီမံကိန်းများတွင်ကူညီပံ့ပိုးကာ တစ်ကမ္ဘာလုံး တရားဥပဒေစိုးမိုးရေး တိုးတက်လာစေရန်ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွက် လုပ်ဆောင်ချက်များ

မြန်မာနိုင်ငံ၌မူ ပရော်ဖက်ရှင်နယ်ပီသသော၊ တာဝန်ယူ တာဝန်ခံသော၊ ယုံကြည်အားကိုးရသော တရားစီရင်ရေးမဏ္ဍိုင် ဖြစ်လာစေရန် ရည်မှန်း၍ ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော်တရားရုံးချုပ်၏ တရားစီရင်ရေးမဟာဗျူဟာအစီအစဉ်ကို ပံ့ပိုးပေးခဲ့ပါသည်။ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသော The Max Planck Foundation နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တရားစီရင်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး အမှုထမ်းများ၏ ပရော်ဖက်ရှင်နယ်အရည်အသွေးများ အားကောင်းလာစေရန် ပံ့ပိုးပေးလျက်ရှိပါသည်။