For an optimal site experience, we recommend using a different browser.
Using Internet Explorer may prevent you from accessing Chubb.com, and some site features may not function as expected.

X

ဇန်နဝါရီလ ၁ ရက်နေ့၊ နှစ်သစ်ကူးချိန်ကတည်းက လူအတော်များများဟာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်များ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပါတယ်။ အကောင်းဆုံး အစီအစဉ် ဆွဲထားတာတောင် စိတ်အားတက်ကြွဖို့ ခက်ခဲနေနိုင်ပါတယ်။ ဒါပေမဲ့ မဟာဗျူဟာအမျိုးမျိုး ပေါင်းစပ်လိုက်ရင်တော့ အဲဒီလို ကျန်းမာရေး အစီအစဉ်အတိုင်း ဆက်လှုပ်ရှားဖို့ ကူညီနိုင်ပါတယ်။

ရည်မှန်းချက်များ သတ်မှတ်ပါ

ကျန်းမာစေဖို့ အားကစားလုပ်တာ ကောင်းမွန်ပေမယ့် အဲဒီလို ယေဘုယျ စိတ်ကူးရုံနဲ့ အားကစားလုပ်မယ့် အစီအစဉ်အတိုင်း လိုက်နာနိုင်မှာ မဟုတ်ပါဘူး။ သင်အောင်မြင်မှု ရလိုတဲ့အရာတွေနဲ့ သင့်ကျန်းမာရေး လမ်းကြောင်းအတိုင်း ရှေ့ဆက်မယ့် အချိန်တို့ကို စဉ်းစားပါ။ တစ်ခုခုအတွက် အားထုတ်နေတယ်ဆိုရင် သင်က ရပ်တန့်သွားမှာ မဟုတ်တော့ပါဘူး။

လက်တွေ့ကျပါ

ရည်မှန်းချက်တွေက အရေးကြီးသလိုပဲ အောင်မြင်မှု ရနိုင်လောက်ဖို့လည်း အထူးအရေးကြီးပါတယ်။ အကြောင်းကတော့ လက်လှမ်းမမီတော့ရင် သင်လည်း စိတ်ဓာတ်ကျလာပါမယ်။ အဲဒီလို မျှတအောင် ပြုလုပ်ဖို့ ခက်ခဲပေမယ့် စိတ်ဓာတ်တွန်းအားအတွက် အကောင်းဆုံးအချက်တစ်ချက် ဖြစ်နေပါတယ်။

သူငယ်ချင်းများနဲ့အတူ အားကစားပြုလုပ်ပါ

သက်တူရွယ်တူတွေရဲ့ ဖိအားက ထိရောက်တဲ့ အားတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် အကျိုးပြုတဲ့ အားကစားကို မရှောင်လွှဲဘဲ သူငယ်ချင်းတွေကို စိတ်ပျက်အောင် မလုပ်မိဖို့ ကြိုးစားတာက အံ့အားသင့်စရာ ကောင်းပါတယ်။ ကျန်းမာရေး သင်တန်းတစ်ခုကို သူငယ်ချင်းနဲ့အတူ သွားတက်ဖို့ သဘောတူတာ ဒါမှမဟုတ် လမ်းတစ်ပတ် အမြန်လျှောက်ဖို့ အချိန်ယူတာတွေက ချိုးဖျက်မရတဲ့ ကတိကဝတ်လိုပဲ ခံစားရစေပါတယ်။

အပြုသဘောထားတွေအတိုင်း လိုက်နာပါ

အကောင်းမြင်ခြင်းကြောင့် အခြားသူများအပေါ် သက်ရောက်ပုံက အံ့အားသင့်စရာပါပဲ။ ဒါကြောင့် ကျန်းမာစေဖို့အတွက် စိတ်အားထက်သန်သူတွေကို သင့်ဘေးမှာ ဝန်းရံထားလိုက်ပါ။ သင့်ကိုယ်သင် မသိလိုက်မီမှာပဲ သင့်ကိုယ်ပိုင် အားကစား လှုပ်ရှားမှုအတွက် စိတ်အားတက်ကြွနေပြီး အားကစားရုံမှာ သွားကစားဖို့ မျှော်လင့်မိနေပါလိမ့်မယ်။

ပြိုင်ဆိုင်ပါ

အဖွဲ့လိုက်ကစားနည်းကို နှစ်သက်တဲ့ ပရိသတ်ဖြစ်ဖြစ်၊ တစ်ဦးချင်း အားကစားလှုပ်ရှားသူဖြစ်ဖြစ် ပြိုင်ပွဲတစ်ခုလို ပြောင်းလိုက်ပါ။ ပွဲအပြီးမှာ တကယ်ဆုတံဆိပ် ရတာ၊ မရတာက အရေးမကြီးပါဘူး။ သင့်ဘေးကလူနဲ့ အတူလှုပ်ရှားတဲ့ စိတ်ကျေနပ်မှုမျိုးလောက် ဆိုရင်လည်း သင့်ကို တွန်းအားပေးနိုင်ပါတယ်။

အားကစားအပေါ် သင့်သဘောထားကို ပြောင်းပါ

အားကစားဟာ အချိန်ရမှ လှုပ်ရှားရမယ့်အရာတစ်ခု မဖြစ်သင့်ပါ။ သင့်အပတ်စဉ် ပုံမှန်လုပ်ငန်းဆောင်တာ တွေမှာ အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်သင့်ပါတယ်။ အဲဒီအတွက် အချိန်သတ်မှတ်ပြီး သင့်နေ့စဉ်မှတ်တမ်းမှာ စီစဉ်ထားခြင်းဖြင့် အခြားဆောင်ရွက်ချက်များက ဦးစားပေးအစီအစဉ်အဖြစ် ကျော်တက်မသွားအောင် ပြုလုပ်ပါ။

ဆုချီးမြှင့်ပါ

လူအတော်များများက ဒဏ်ပေးခြင်းထက် ဆုပေးခြင်းကို ပိုပြီးတုံ့ပြန်မှုရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် သင့်ရည်မှန်းချက်များ အောင်မြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုပေးပါ။ ဆုပေးတာက အထူးသဖြင့် သင့်အားကစားနဲ့ ဆက်စပ်နေတဲ့အခါ စိတ်ဓာတ်မြှင့်တင်ပေးနိုင်ပါတယ်။ အပြေးလေ့ကျင့်တဲ့ ဖိနပ်အသစ်တစ်ရံ ဝယ်လိုက်တာ ဒါမှမဟုတ် အားကစားလုပ်ရင်း နားထောင်တဲ့ သီချင်းများ အသစ်ထည့်လိုက်တာတွေနဲ့ သင့်ကိုယ်သင် ဆုချပါ။

အားကစားလှုပ်ရှားမှုအပြီးမှာ ခံစားရပုံကို ချရေးပါ

အားကစား လှုပ်ရှားမှုအပြီးမှာ စိတ်လှုပ်ရှားမိတဲ့ ခံစားချက်ဆိုတာ သင်ခဏလောက် အားကစား မလုပ်မိတာနဲ့ အလွယ်တကူ မေ့သွားနိုင်ပါတယ်။ ဒါကြောင့် ချွေးတိတ်တာနဲ့ သင့်စိတ်ခံစားချက်အကြောင်း စကားလုံးတွေနဲ့ ချက်ချင်းချရေးလိုက်ပါ။ အားကစားရုံ မသွားဘဲနေဖို့ နောက်တစ်ခါ စဉ်းစားမိတဲ့အခါ အဲဒီရေးထားတဲ့ စာရင်းကို ပြန်ထုတ်ကြည့်လိုက်ရင် အဲဒီ စိတ်ခံစားချက်အားလုံး အထင်းသား ပေါ်လာပါလိမ့်မယ်။

တင့်တယ်လှပနေပါစေ

နေထွက်ချိန်မှာ မနက်ဘက် အမြန်လမ်းလျှောက်ဖို့ အနည်းငယ် စောစောထခြင်းဖြင့် အားကစားဝတ်စုံကို ပျော်ရွှင်စွာ ဝတ်ဆင်နိုင်ပါလိမ့်မယ်။ နွေဦးကာလ ပန်းပွင့်များ ဖူးပွင့်နေတဲ့ လမ်းကြောင်းမှာ စက်ဘီးစီးဖို့ ရွေးချယ်ပါ။ ဒီ ဥပမာနှစ်ခုက အားကစားကနေ အာရုံလွှဲဖို့နဲ့ နောက်ထပ်အကျိုးကျေးဇူးများ ခံစားနိုင်ဖို့ ဖြစ်ပါတယ်။

သင့်တိုးတက်မှုကို ခြေရာခံပါ

အားကစားရုံမှာသုံးတဲ့ပစ္စည်းများကို ဝတ်ဆင်ပါ

ဒီအချက်အားလုံး အဆင်မပြေရင် သင့်အားကစား ဝတ်စုံတွေ ဝတ်ဆင်ပြီး ဘယ်လိုခံစားရတယ်ဆိုတာ သတိထားကြည့်ပါ။ ဖြစ်နိုင်တာကတော့ အဲဒီဝတ်စုံတွေဝတ်ပြီး အားကစား အနည်းငယ်လောက် မလှုပ်ရှားဘူးဆိုရင် အတော်လေး ကြောင်နေနိုင်ပါတယ်။ ဒါကြောင့် ခဏတဖြုတ် ပြေးလိုက်ရင်တောင် တစ်ခုခု ပြီးမြောက်အောင်မြင်မှု ရရှိပါလိမ့်မယ်။