For an optimal site experience, we recommend using a different browser.
Using Internet Explorer may prevent you from accessing Chubb.com, and some site features may not function as expected.

X

ကိုယ်အလေးချိန် ကျဖို့ ဒါမှမဟုတ် ကြံ့ခိုင်မှုအဆင့် ပိုကောင်းဖို့အတွက် ကြိုးစားနေရင် မိမိကိုယ်ကို ထိန်းချုပ်မှုဟာ သင့်အတွက် အကောင်းရော အဆိုးပါ ဖြစ်စေပါလိမ့်မယ်။ စိတ်စွမ်းအား မရှိဘူးဆိုရင် အကျင့်ဆိုးတွေ ပြန်လုပ်မိပြီး လိုအပ်တဲ့ရလဒ်တွေ မရရှိတော့ပါဘူး။

သင့်အစီအစဉ်အတိုင်း လိုက်နာနိုင်ကြောင်း၊ ကျန်းမာတဲ့ ရွေးချယ်မှုများ ပြုလုပ်နိုင်ကြောင်း၊ အာဟာရနဲ့ အားကစားဆိုင်ရာ ဆုံးဖြတ်ချက်များ ယေဘုယျအားဖြင့် အမှန်ကန်ဆုံး ချမှတ်နိုင်ကြောင်း သင့်ကိုယ်သင် သေချာဖို့ လိုပါတယ်။ ဆိုလိုတာက သင်နှစ်သက်တဲ့ အရာတွေကို ရှောင်ရှားတာ ဖြစ်ပေမယ့် ခြုံငုံကြည့်လိုက်ရင် သင်သတ်မှတ်ထားတာတွေ အောင်မြင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

ဒါပေမဲ့ မိမိကိုယ်ကို ထိန်းချုပ်တာဟာ အားလုံး မျှော်လင့်ထားသလို လွယ်ကူတာတော့ မဟုတ်ပါ။ ကျွန်ုပ်တို့ အစမ်းသပ်ခံရမယ့် အခြေအနေများစွာ ရှိနိုင်သလို မိမိကိုယ်ကို ထိန်းချုပ်မှု ပိုကောင်းစေမယ့် နည်းလမ်းများစွာလည်း ရှိပါတယ်။

ရည်မှန်းချက် သတ်မှတ်ပါ

သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း အောင်မြင်လိုတဲ့ ရည်မှန်းချက်တစ်ခုရှိရင် မိမိကိုယ်ကို ထိန်းချုပ်မှု ပိုကောင်းအောင် စိတ်ဓာတ်မြှင့်တင်ပေးနိုင်ပါတယ်။ သင့်ရည်မှန်းချက်က လက်တွေ့ကျပြီး အောင်မြင်နိုင်တဲ့အရာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ တွန်းအားပေးဖို့တော့ လိုပါတယ်။ 

ပြန်အမှတ်ရနေတဲ့ ရည်မှန်းချက်တစ်ခု ရှိခြင်းဖြင့် ရွေးချယ်မှုများ ကောင်းလာပြီး မိမိကိုယ်ကို ထိန်းချုပ်မှုကို စမ်းသပ်မယ့် အစားအသောက်နဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ပါတယ်။ အဲဒီအခါ သင်မျှော်လင့်တဲ့အရာကို အောင်မြင်နိုင်ခြေ ပိုများရုံသာမက ကျန်းမာစေတဲ့ အလေ့အထ အသစ်များကို ပိုမိုလွယ်ကူစွာ ဖန်တီးနိုင်စေပါလိမ့်မယ်။

သင့်ကိုယ်သင် စောင့်ကြည့်ပါ

အထောက်အထားတစ်ခုခု မရှိရင် ကိတ်မုန့်လေးတစ်လုံး ဒါမှမဟုတ် ချောကလက်လေး တစ်တောင့် အလွယ်တကူ စားမိသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် စောင့်ကြည့်မှုဟာ မိမိကိုယ်ကို ထိန်းချုပ်မှု ပိုကောင်းစေတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်နေပါတယ်။ သင်စားသမျှ၊ အားကစားလုပ်သမျှကို မှတ်သားထားရင် သင်မပြုလုပ်ရသေးတဲ့ အရာတွေကိုသာမက နှစ်သက်တဲ့အရာတွေကိုလည်း မြင်လာနိုင်ပါတယ်။

အပြင် သင့်ကိုယ်အလေးချိန်ကို မကောင်းတဲ့နည်းနဲ့ သက်ရောက်နိုင်တဲ့ ဒါမှမဟုတ် အားကစားရုံမှာ အခက်အခဲ ဖြစ်စေတဲ့ အချက်ကို မြင်နိုင်ပါတယ်။ သင့်အားကစား လှုပ်ရှားမှု၊ သင်စားသမျှနဲ့ သင့်ကျန်းမာရေး ရမှတ်အပေါ် သက်ရောက်မယ့် အခြားအချက်များကိုပါ ခြေရာခံဖို့ Chubb LifeBalance အက်ပ်ကို အသုံးပြုနိုင်ပါတယ်။ ဒီအချက်အားလုံးက အထွေထွေ မိမိကိုယ်ကို ထိန်းချုပ်မှုကို ပိုကောင်းစေပါတယ်။

စိတ်ဓာတ်တက်ကြွမှုကို ထိန်းထားပါ

ကျန်းမာအောင် ကြိုးစားကြရာမှာ လူတိုင်းအတွက် အခက်အခဲနေ့ရက်တွေ ရှိပေမယ့် သင့်မှာ စိတ်ဓာတ်တက်ကြွမှု ရှိနေရင် ဒါတွေကို အလွယ်တကူ ပြန်ဖြည့်ဆည်းနိုင်ပြီး လမ်းမှန်ပေါ် ပြန်ရောက်နိုင်ပါတယ်။ ရလဒ်မြင်တွေ့ဖို့ အကောင်းဆုံးနည်းက မှန်ကန်တဲ့ အဆင့်အတိုင်း ဆောင်ရွက်ကာ ရည်မှန်းချက် ရောက်အောင် စိတ်ဓာတ် တက်ကြွမှုကို ထိန်းထားဖို့ ဖြစ်ပါတယ်။ ဒါက မိမိကိုယ်ကို ထိန်းချုပ်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

စိတ်ဓာတ်တက်ကြွမှု ရှိနေစေဖို့ ကိုယ်အလေးချိန် ကျလိုတာ ဒါမှမဟုတ် ပိုပြီးကြံ့ခိုင်လိုတာထက်ပိုတဲ့ သင့်ရည်မှန်းချက် နောက်ကွယ်က အကြောင်းရင်းတစ်ခု ရှိထားရင် ကောင်းပါတယ်။ အဲဒါတွေကို သင်ဘယ်လို ဆောင်ရွက်လိုကြောင်း၊ သင့်ရည်မှန်းချက်ကို ရောက်တဲအခါ သင့်အတွက် ဘယ်လိုအဓိပ္ပာယ် ရှိမှာဖြစ်ကြောင်း စဉ်းစားပါ။ အဲဒီလို သိထားရင် သင်ရှေ့ဆက်ဖို့ တွန်းအားရရှိပြီး ပိုကောင်းတဲ့ ရွေးချယ်မှုများ ပြုလုပ်နိုင်ခြေ များလာပါတယ်။

စိတ်အလို မလိုက်ပါနဲ့

မိမိကိုယ်ကို ထိန်းချုပ်မှုကို ပိုကောင်းစေတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ စမ်းသပ်မှု ပြုလုပ်နိုင်တဲ့ အခြေအနေများကို ရှောင်ရှားတာဖြစ်ပါတယ်။ ဒါက သင်ကြိုက်တဲ့ အရာအားလုံး မေ့ပစ်ရမယ်လို့ မဆိုလိုပါဘူး။ အလေ့အထဆိုးတွေ ပြန်မလုပ်မိအောင် ဘာတွေ ရပ်တန့်ပစ်ရမယ်ဆိုတာ သတိပြုမိဖို့သာ ဖြစ်ပါတယ်။ 

သင့်အာဟာရစာရင်းမှာ မပါဝင်တဲ့ အရာမှန်သမျှကို ဗီရိုထဲကနေ ထုတ်ပစ်ပါ။ အိမ် ဒါမှမဟုတ် အလုပ်နဲ့နီးတဲ့ အားကစားရုံကို ရွေးချယ်ပါ။ စားသောက်ဆိုင်တွေကို ကျန်းမာစေသော အစားအသောက် မီနူးများ ရှိ၊ မရှိ သိရအောင်ကြိုတင်မေးမြန်းပါ။ ဒီအချက်အားလုံးက သင့်ရဲ့ ကျန်းမာစေတဲ့ အစီအစဉ်အတိုင်း လိုက်နာပြီး ကိုယ်ကြိုက်တဲ့အရာကို လက်မလွှတ်ရအောင်လည်း ဖြစ်ပါတယ်။

အောင်မြင်နိုင်တယ်လို့ ယုံကြည်ပါ

မိမိကိုယ်ကို ထိန်းချုပ်မှု ပိုကောင်းစေဖို့ ကိုယ်လုပ်နိုင်တယ်လို့ ယုံကြည်ဖို့လိုပါတယ်။ ကျန်းမာစေတဲ့ ရည်မှန်းချက်များ မအောင်မြင်နိုင်ကြောင်း ယုံကြည်နေရင် အဲဒီလို သတ်မှတ်နေလည်း အပိုပါပဲ။ ဘာကြောင့်လဲဆိုတော့ သင့်အစီအစဉ်အတိုင်း လိုက်နာဖို့ နည်းသွားတဲ့အတွက် ဖြစ်ပါတယ်။ မိမိကိုယ်ကို ထိန်းချုပ်မှု ဆက်ရှိနေဖို့အတွက် မှန်ကန်တဲ့ စိတ်သဘောထား ရှိခြင်းမှာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ အကြောင်းပြချက် အတွက် အဲဒီအပြောင်းအလဲတွေကို သင်ပြုလုပ်ရပါမယ်။